- Myanmar Keyboard app request permission for microphone for voice typing. The audio recorded is not collected or stored in any of our servers.
- Myanmar Keyboard app also does not collect and store any personally identifiable or anonymous information from the user of Myanmar Keyboard app.
Thursday, February 2, 2017
Privacy Policy for Myanmar Keyboard
Monday, January 2, 2017
Privacy Policy for Area Calculator
- Area Calculator App does not collect any personally identifiable information from the app.
- Area Calculator App uses Google's Admob advertising service. Their privacy policy can be found here.
- Area Calculator App can be installed from Google Play Store.
Tuesday, December 20, 2016
Privacy Policy for Chinese Vocabulary App
- Chinese Vocabulary App does not collect any personally identifiable information from the app.
- Chinese Vocabulary App does collect anonymous usage information to analyze and improve the experience for the app. That information is only used in aggregation as statistics.
- Chinese Vocabulary App uses Google's Admob advertising service. Their privacy policy can be found here.
- Chinese Vocabulary App can be installed from Google Play Store.
Tuesday, November 29, 2016
Privacy Policy for English Thaddar App
- English Thaddar App does not collect any personally identifiable information from the app.
- English Thaddar App does collect anonymous usage information to analyze and improve the experience for the app. That information is only used in aggregation as statistics.
- English Thaddar App uses Google's Admob advertising service. Their privacy policy can be found here.
- English Thaddar App can be installed from Google Play Store.
Monday, May 19, 2014
Software Testing
Software တစ်ခုကို Testing လုပ်တာဟာ
သိပ်အရေးပါတဲ့ အဆင့် တစ်ခုပါ။ ဒါပေမဲ့ လူတွေအများစု က လစ်လျူရှုတတ်ကြပါတယ်။
လုပ်ငန်း တစ်ချို့ဆိုရင်လဲ အဲဒီ့ဘက်မှာ ပိုက်ဆံသုံးဖို့ တွန့်တို တတ်ကြတယ်။
တချို့ Software developers တွေကလဲ testing လုပ်ရတာကို မကြိုက်ကြပါဘူး။
တစ်ချို့ဆိုရင် သူတို့ရဲ့ အချိန်ကို testing လုပ်နေမဲ့ အစား code
ရေးနေသင့်တယ်လို့ ဆိုပါတယ်။
ကျနော့် အမြင်ကတော့ testing လုပ်တတ်ဖို့ နဲ့ testing အတွက် ပြင်ဆင်မှုတွေက software development အတွက် အရမ်းကို အရေးကြီးပါတယ်။
Test
cases တွေ စရေးပြီဆိုရင် ရှိသမျှ features တွေကို တစ်ခုပြီး တစ်ခု
စိစစ်ပြီး ရေးသွားသင့်ပါတယ်။ ပထမ feature မှာ ဖြစ်နိုင်သမျှ interaction
တွေကို ချရေးရပါတယ်။ ပြီးရင် အဲဒီ့ တစ်ခုချင်းစီမှာ ဘယ်လို
အဖြေထွက်သင့်တယ်ဆိုတာ ရှာရမှာပါ။ Test case တစ်ခုဟာ ပုံမှန် အားဖြင့်
အောက်ပါ လက္ခဏာတွေ ရှိတတ်ပါတယ်။
- ဘာကို စစ်မှာလဲ (အပေါင်း)
- ဘာလုပ်ရင် (ဂဏန်း ၂လုံး ပေါင်းရင်)
- ဘာဖြစ်ရမယ် (အဖြေက ပေါင်းတဲ့ အတိုင်းဖြစ်ရမယ်), ဘာမဖြစ်ရဘူး (အဖြေမမှားရဘူး)
- ဘယ်လို စစ်မလဲ (၀ ကနေ အကြီးဆုံး လက်ခံနိုင်တဲ့ ဂဏန်း အထိ စစ်ရအယ်။ အနှုတ်ကိန်းတွေကိုလဲ စစ်ရမယ်။)
Test
case တစ်ခုဟာ လုပ်ဆောင်မှု တစ်ခုတည်းနဲ့ ထပ်တူမကျပါဘူး။ interaction
ရှုပ်ရင် ရှုပ်သလို အသေးစိတ် အဆင့်တွေ ကွဲပြားပြီး အများကြီး စစ်ဖို့
လိုအပ်ပါတယ်။ ဒါကြောင့် လက်နဲ့ စစ်နေတယ် ဆိုရင် အချိန် အများကြီး
လိုတတ်ပါတယ်။ တစ်ချို့ test case တွေကို programming နည်းနဲ့ စစ်လိုရအောင်
လုပ်ကြပါတယ်။ ဒါကို unit test လုပ်တယ်၊ test script ရေးတယ် စသဖြင့်
ခေါ်ကြပါတယ်။ တစ်ချို့ အနေအထားတွေ အတွက် စက်ရုပ်တွေ သုံးတတ်ပါတယ်။ ဥပမာ
လူ့လက်နဲ့ နှိပ်မဲ့အစား စက်ရုပ်လက်နဲ့ နှိပ်ခိုင်းတဲ့အခါ
အကြိမ်ပေါင်းမြောက်များစွာကို လက်မညောင်းပဲ နှိပ်လို့ ရသွားပါတယ်။
Testing လုပ်ဖို့အတွက် အချိန်နှင့် ပိုက်ဆံကို တွန့်တိုမနေပဲ Testing ကို
ဘယ်လို အချိန်တိုတို နဲ့ မြန်မြန်ဆန်ဆန် လုပ်လို့ ရမလဲဆိုတာ ကို
စဉ်းစားပြီး software development မှာ ပါဝင်တဲ့သူအားလုံး
စိတ်ပါဝင်စားစွာနဲ့ လုပ်ဆောင်သင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဒါမှလဲ
ပိုမိုကောင်းမွန်တာ့ software တွေ ထွက်ပေါ်လာမှာပါ။
Sunday, April 27, 2014
မြန်မာအဘိဓါန် တွင် မြန်မာဖောင့် မပေါ်လျှင်ပြုပြင်ကြည့်ရန်
V0.05 မှ စ၍ မြန်မာစာ ဖောင့် ပေါ်ဖို့ ပြသနာ ရှိသူများအတွက် setting တစ်ခု ထဲ့ထားပါတယ်။ MCD app ကိုဖွင့်ပြီး အောက်တွင် မျှားပြထားသော icon ကို နှိပ်ပါ။
အောက်ပါ အတိုင်းမြင်ရပါ့မယ်။
လက်ညှိုးဖြင့် အပေါ်အောက် slide လုပ်ပြီး စာမျက်နှာ အောက်ဆုံးသို့ ရောက်အောင်သွားပါ။
အထက်ပုံတွင် ဝိုင်းပြထားတော နေရာကို ဖိ၍ အမှန်ခြစ်ထားတာလေးကို ဖယ်လို့ ရပါတယ်။ အမှန်ခြစ်ထားတာကို ဖယ်ပြီးရင် back ခလုပ်ကို အကြိမ်ကြိမ် နှိပ်ပြီး MCD app ကို ထွက်လိုက်ပါ။ ပြီးရင် ပြန်စမ်းကြည့်ပါ။
အကယ်၍ မရသေးဘူး ဆိုလျှင် ဒီက APK ဖိုင် ကို စမ်းကြည့်လို့ ရတယ်။ ဘယ်ဟာနဲ့ အဆင်ပြေသလဲ ပြောပေးကြပါ။ လုံးဝမပြေဘူးဆိုလဲ ပြောပြပါ။
အောက်ပါ အတိုင်းမြင်ရပါ့မယ်။
လက်ညှိုးဖြင့် အပေါ်အောက် slide လုပ်ပြီး စာမျက်နှာ အောက်ဆုံးသို့ ရောက်အောင်သွားပါ။
အထက်ပုံတွင် ဝိုင်းပြထားတော နေရာကို ဖိ၍ အမှန်ခြစ်ထားတာလေးကို ဖယ်လို့ ရပါတယ်။ အမှန်ခြစ်ထားတာကို ဖယ်ပြီးရင် back ခလုပ်ကို အကြိမ်ကြိမ် နှိပ်ပြီး MCD app ကို ထွက်လိုက်ပါ။ ပြီးရင် ပြန်စမ်းကြည့်ပါ။
အကယ်၍ မရသေးဘူး ဆိုလျှင် ဒီက APK ဖိုင် ကို စမ်းကြည့်လို့ ရတယ်။ ဘယ်ဟာနဲ့ အဆင်ပြေသလဲ ပြောပေးကြပါ။ လုံးဝမပြေဘူးဆိုလဲ ပြောပြပါ။
Monday, April 21, 2014
မြန်မြန်ဆန်ဆန် ရှာလို့ လွယ်မဲ့ အင်္ဂလိပ်-မြန်မာ အဘိဓါန်
ကနဦး အစ ထုံးကြီးက
ထုံးကြီးက ညီလေး နန်းအောင်ဦးက တစ်နေ့ မေးလာတယ်။ ဝက်ဘ်ဆိုဒ် ကို ဖတ်နေတုန်း မသိတဲ့ စာလုံးလေးတွေကို အဲဒီ့ ထဲကနေ မထွက်ပဲ အဓိပ္ပါယ် ရှာလို့ ရမလားတဲ့။ အခု အနေအထားက စာလုံးကို မှတ်ထား။ အဘိဓါန် app ကို ဖွင့် ပြီးတော့ အဓိပ္ပါယ်ရှာ ပြီးမှ ဝက်ဘ်ပေ့ခ်ျ ကို ပြန်သွား။ သိပ် အလုပ်များတယ်တဲ့။ အဲဒီမှာ ရှာ စရာ စလုံးများနေရင် အချိန် သိပ်ကုန်ပြီး ခရီး မရောက်တော့ဘူးတဲ့။ အင်္ဂလိပ်စာ လေ့လာလိုသူတွေ ဒါမှ မဟုတ် အင်္ဂလိပ်လို ရေးထားတဲ့ ဝက်ဘ်ပေ့ခ်ျ တွေကနေ အခြား ဘာသာရပ်တွေ လေ့လာလိုသူ မြန်မာ စကားပြောသူတွေ အတွက် အဲဒီလို app ရှိရင် သိပ်ကောင်းမယ်တဲ့ဗျာ။ဒါနဲ့ပဲ ကျနော် Google ရဲ့ Searchable Dictionary နဲ့ my-clips ဆိုတဲ့ open source clipboard manager တစ်ခုကို မှီငြမ်းပြီး Myanmar Clipboard Dictionary ဆိုတဲ့ app ကို ရေးလိုက်ပါတယ်။ အင်္ဂလိပ်-မြန်မာ အဓိပ္ပါယ်တွေကိုတော့ Saturngod (Htain Lin Shwe) ရဲ့ Onagai ကနေ ရယူပြီး လိုအပ်သလို ပြန်ပြင်ထားတာပါ။ သုံးကြည့်ချင်သူများ Google Play Store မှာ ရယူနိုင်ပါတယ်။ ဒါမှ မဟုတ် ဒီလင့်ခ် မှာလဲ တိုက်ရိုက် ဒေါင်းလို့ ရပါတယ်။
ဘာတွေ သုံးလို့ ရလဲ
Myanmar Clipboard Dictionary ကို အခြား အဘိဓါန် တွေလို ဒီအတိုင်း ဖွင့်ပြီး အဓိပ္ပါယ် ရှာလို့ ရပါတယ်။
ဖွင့်လိုက်ရင် အပေါ်ဆုံးမှာ မှန်ဘီလူး ပုံလေး တွေ့ရမှာပါ။ အဲဒါကို
နှိပ်လိုက်ရင် စာရိုက်လို့ ရတဲ့ အကွက်နဲ့ Keyboard ပေါ်လာမှာပါ။ လိုချင်တဲ့
စာလုံးကို စရိုက်ပြီး ကီးဘုတ်ပေါ်က Go သို့ Search သို့ မှန်ဘီလူး
ခလုပ်ကလေးကို နှိပ်လိုက်ပါ။
တစ်ချို့ စာလုံးတွေက အဓိပ္ပါယ် အရှည်ကြီး ပါတတ်ပါတယ်။ အပြည့်အစုံဖတ်ချင်ရင်တော့ ဖတ်ချင်တဲ့ စာလုံးကို နှိပ်လိုက်ပါ။ ဥပမာတွေ အသုံးပြုပုံတွေကို ထပ်ပြီး ဖြည့်ထဲ့သွားပေးပါ့မယ်။
ဒါတွေပဲလား
အထက်မှာ တွေ့ရတာတွေကတော့ ပုံမှန် အဘိဓါန် တစ်ခုမှာ ပါတတ်တာတွေပါ။ Myanmar Clipboard Dictionary ရဲ့ ထူးခြားချက်ကတော့ အခြား app တွေကနေ စာလုံးရှာဖို့ပါပဲ။ ဥပမာ ကျနော်တို့ ဝက်ဘ်ပေ့ခ်ျတစ်ခု ကြည့်နေရင်နဲ့ စာလုံး အဓိပ္ပါယ် ရှာမယ် ဆိုပါတော့။ အဲဒီ့ စာလုံးကို လက်နဲ့ ထိပြီး ရွေးလိုက်ပါ။ Highlight ဖြစ်သွားပါလိမ့်မယ်။အပေါ်ပုံမှာဆို Connect ဆိုတဲ့ စာလုံးကို ရွေးထားတာပါ။ ပြီးရင် Menu ကို ဖွင့်ပြီး Copy လုပ်လိုက်ပါ။ ဖုန်းပေါ်နဲ့ app ပေါ်မူတည်ပြီး Copy လုပ်နည်း ကွဲပါတယ်။
Copy လုပ်ပြီးသွားတာနဲ့ ခုနက ရွေးထားတဲ့ စာလုံး ရဲ့ အဓိပ္ပါယ် ပေါ်လာမှာပါ။
အသံထွက်ရန် ဆိုတဲ့ ခလုပ်ကလေး လင်းလာရင် နှိပ်ကြည့်ပြီး စာလုံးရဲ့ အသံထွက်ကို နားထောင်နိုင်ပါတယ်။ အသံမထွက်ဘူးဆိုရင်တော့ ဖုန်းမှာ ပါတဲ့ Text-to-speech ဆိုတာ သွင်းထားလာဆိုတာ စစ်ကြည့်ပါ။ Settings ထဲက Language and Input ဆိုတဲ့ menu အောက်မှာ ရှိတတ်ပါတယ်။
တစ်ချို့စာလုံးတွေက မပါလာတာ ရှိတတ်ပါတယ်။ အဲဒီလိုမျိုးဆိုရင် အကြောင်းကြားရန် ဆိုတဲ့ ခလုတ် ပေါ်လာပါလိမ့်မယ်။
ရှာမရတဲ့ စာလုံးကို အီးမေးလ် ကနေတဆင့် ပို့လို့ ရအောင် လုပ်ထားပေးတာပါ။ တကယ်လို့ သုံးတဲ့ ဖုန်း သို့ tablet မှာ အီးမေးလ် ပို့လို့ မရဘူးဆိုရင်တော့ မရကြောင်း စာတမ်းလေး ပေါ်လာပါလိမ့်မယ်။
တခါတလေ
တစ်ချို့တော့သူများကတော့ Copy လုပ်တိုင်း အဘိဓါန်ကြီး ပေါ်လာတာကို မျက်စိနောက်ကောင်း နောက်ပါ့မယ်။ အပေါ်က Notification icon လေးကို သတိထားမိကြလား။ အဲဒါလေး ပေါ်နေရင် Myanmar Clipboard Dictionary က အဆင်သင့် အဓိပ္ပါယ်တွေ ထုတ်ပေးဖို့ အဆင်သင့်ပါ။ တခါတလေမှ သုံးချင်သူများ အတွက် သိရမှာကတော့၁။ ဖုန်း စဖွင့်လိုက်လိုက်ချင်း အဲဒီ့ icon လေး ရှိနေမှာပါ
၂။ မလိုချင်ရင် ဗယ် သို့ ညာကို ဆွဲပြီး ဖယ်လိုက်ပါ။ Myanmar Clipboard Dictionary က အဓိပ္ပါယ်တွေကို အလိုအလျှောက် ထုတ် မပေးတော့ပါဘူး
၃။ ပြန်လိုချင်တယ်ဆိုရင်တော့ ဖုန်းမှာသွင်းထားတဲ့ တစ်ထောင့်တစ်ခုသော app များကြားက Myanmar Clipboard Dictionary လေးကို ဖွင့်လိုက်ပါ။ icon လေး ပြန်ပေါ်လာပါလိမ့်မယ်။
တစ်ချို့တစ်ချို့သော သူများအတွက်တော့ အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။
Labels:
android,
dictionary,
myanmar,
zawgyi
Subscribe to:
Posts (Atom)









