Monday, May 19, 2014

Software Testing

Software တစ်ခုကို Testing လုပ်တာဟာ သိပ်အရေးပါတဲ့ အဆင့် တစ်ခုပါ။ ဒါပေမဲ့ လူတွေအများစု က လစ်လျူရှုတတ်ကြပါတယ်။ လုပ်ငန်း တစ်ချို့ဆိုရင်လဲ အဲဒီ့ဘက်မှာ ပိုက်ဆံသုံးဖို့ တွန့်တို တတ်ကြတယ်။ တချို့ Software developers တွေကလဲ testing လုပ်ရတာကို မကြိုက်ကြပါဘူး။ တစ်ချို့ဆိုရင် သူတို့ရဲ့ အချိန်ကို testing လုပ်နေမဲ့ အစား code ရေးနေသင့်တယ်လို့ ဆိုပါတယ်။
ကျနော့် အမြင်ကတော့ testing လုပ်တတ်ဖို့ နဲ့ testing အတွက် ပြင်ဆင်မှုတွေက software development အတွက် အရမ်းကို အရေးကြီးပါတယ်။
Testing လုပ်တယ် ဆိုတာဘာလဲ။ Software တစ်ခုကို ရေးပြီဆိုကတည်းက ရည်ရွယ်ချက်တစ်ခု ရှိပါတယ်။ ဥပမာ ဂဏန်းပေါင်း စက် တစ်ခုရေးတယ် ဆိုပါတော့။ ဒီဂဏန်းပေါင်း စက်က ဂဏန်းတွေ လက္ခဏာတွေကို လက်ခံပြီး ရေးလာတဲ့ ဖော်မြူလာတွေ ကို တွက်ချက်ပြီး အဖြေထုတ်ပေးဖို့ပါပဲ။ ဂဏန်း ၂ခု ရဲ့ အလယ်မှာ အပေါင်း လက္ခဏာဆိုရင် အဲဒီ့ ဂဏန်း၂ခုကို ပေါင်းပေးမယ်။ စသဖြင့် လိုအပ်ချက်တွေ ရှိပါတယ်။ အဲဒီ့ လိုအပ်ချက်တွေ အားလုံး ရပြီဆိုပါတော့။ တစ်ကယ်ကျတော့ သုံးတဲ့ သူတွေက အဲဒီ့ လိုအပ်ချက်တွေ အတိုင်း သုံးချင်မှ သုံးကြမှာကိုး။ ဂဏန်းတွေ လက္ခဏာတွေတင် မကဘဲနဲ့ သုံးတဲ့သူက အက္ခရာတွေ ရိုက်ထဲ့ ရင် ဘယ်လိုဖြစ်မလဲ။ ဒါတွေကို ကြို မစဉ်းစားထားရင် ပြသနာတွေ တက်သွားနိုင်တယ်။ ဒါတွေကို testing လုပ်တဲ့သူက လိုချင်တဲ့ feature တွေ အပြင် ဖြစ်နိုင်တဲ့ အခြေအနေ အားလုံးကို ခြုံမိအောင် စစ်ရမယ်။ ဒါမှသာ software ကို သုံးတဲ့သူ လက်ထဲ ထဲ့လိုက်တဲ့ အခါမှာ သုံးတဲ့သူတွေ စိတ်ချမ်းသာမှု ရရမှာပေါ့။
အထက်ဥပမာအရ ဂဏာန်း တွက်စက်ထဲကို a ကနေ z အထိ အက္ခရာတွေ ထဲ့စမ်းပါ ဆိုတဲ့ အချက်တစ်ချက် ကို test case တစ်ခုလို့ ခေါ်တယ်။ Test cases တွေကို စနစ်ကျကျနဲ့ အကွက်စေ့အောင် ရေးနိုင်ရမယ်။ ဒီလို ရေးနိုင်ဖို့ အတွက် testing လုပ်မဲ့ software က ဘာ features တွေ ပါလဲ ဆိုတာ အရင်ဆုံး သိရမယ်။ ပြီးရင် software မှာ ဘယ်လို interaction ရှိလဲ ဆိုတာ သိရပါမယ်။
Features ဆိုတာ အင်္ဂါရပ်လို့ တိုက်ရိုက် အဓိပ္ပါယ် ပြန်ထားပါတယ်။ Software တစ်ခုက ဘာတွေ ကို လုပ်ဆောင် ဖို့ ထုတ်ထားတယ်ဆိုတဲ့ ရည်ရွယ်ချက် တွေ အားလုံးပေါင်းလိုက်ရင် သူ့ရဲ့ feature list ရမှာပါ။
Interaction ဆိုတဲ့ နေရာမှာ ကိုယ် testing လုပ်မဲ့ software ကို ဗဟိုပြုထားပြီး input (ကီးဘုတ်, ကြွက်, လက်နဲ့ ထိလို့ ရတဲ့ screen, စသည်) နဲ့ output (ဖန်သားပေါ်က အမြင်, အသံ, တုန်ခါခြင်း, printing, disk တစ်ခုခု ပေါ်တွင် သိမ်းခြင်း နဲ့ အင်တာနက်ပေါ်သို သတင်းအချက်အလက်နဲ့ ဖိုင် တွေ တင်ခြင်း စသည်) ရယ်ဆိုပြီး ၂ပိုင်း ရှိပါတယ်။ အခြား software တွေနဲလဲ interaction ရှိနိုင်ပါတယ်။ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီးတော့လဲ ရှိနိုင်ပါတယ်။
Test cases တွေ စရေးပြီဆိုရင် ရှိသမျှ features တွေကို တစ်ခုပြီး တစ်ခု စိစစ်ပြီး ရေးသွားသင့်ပါတယ်။ ပထမ feature မှာ ဖြစ်နိုင်သမျှ interaction တွေကို ချရေးရပါတယ်။ ပြီးရင် အဲဒီ့ တစ်ခုချင်းစီမှာ ဘယ်လို အဖြေထွက်သင့်တယ်ဆိုတာ ရှာရမှာပါ။ Test case တစ်ခုဟာ ပုံမှန် အားဖြင့် အောက်ပါ လက္ခဏာတွေ ရှိတတ်ပါတယ်။
- ဘာကို စစ်မှာလဲ (အပေါင်း)
- ဘာလုပ်ရင် (ဂဏန်း ၂လုံး ပေါင်းရင်)
- ဘာဖြစ်ရမယ် (အဖြေက ပေါင်းတဲ့ အတိုင်းဖြစ်ရမယ်), ဘာမဖြစ်ရဘူး (အဖြေမမှားရဘူး)
- ဘယ်လို စစ်မလဲ (၀ ကနေ အကြီးဆုံး လက်ခံနိုင်တဲ့ ဂဏန်း အထိ စစ်ရအယ်။ အနှုတ်ကိန်းတွေကိုလဲ စစ်ရမယ်။)
Test case တစ်ခုဟာ လုပ်ဆောင်မှု တစ်ခုတည်းနဲ့ ထပ်တူမကျပါဘူး။ interaction ရှုပ်ရင် ရှုပ်သလို အသေးစိတ် အဆင့်တွေ ကွဲပြားပြီး အများကြီး စစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် လက်နဲ့ စစ်နေတယ် ဆိုရင် အချိန် အများကြီး လိုတတ်ပါတယ်။ တစ်ချို့ test case တွေကို programming နည်းနဲ့ စစ်လိုရအောင် လုပ်ကြပါတယ်။ ဒါကို unit test လုပ်တယ်၊ test script ရေးတယ် စသဖြင့် ခေါ်ကြပါတယ်။ တစ်ချို့ အနေအထားတွေ အတွက် စက်ရုပ်တွေ သုံးတတ်ပါတယ်။ ဥပမာ လူ့လက်နဲ့ နှိပ်မဲ့အစား စက်ရုပ်လက်နဲ့ နှိပ်ခိုင်းတဲ့အခါ အကြိမ်ပေါင်းမြောက်များစွာကို လက်မညောင်းပဲ နှိပ်လို့ ရသွားပါတယ်။

Testing လုပ်ဖို့အတွက် အချိန်နှင့် ပိုက်ဆံကို တွန့်တိုမနေပဲ Testing ကို ဘယ်လို အချိန်တိုတို နဲ့ မြန်မြန်ဆန်ဆန် လုပ်လို့ ရမလဲဆိုတာ ကို စဉ်းစားပြီး software development မှာ ပါဝင်တဲ့သူအားလုံး စိတ်ပါဝင်စားစွာနဲ့ လုပ်ဆောင်သင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဒါမှလဲ ပိုမိုကောင်းမွန်တာ့ software တွေ ထွက်ပေါ်လာမှာပါ။

9 comments:

  1. စားသားအရှယ်ကိုဘာသာပြန်စေချင်တယ်

    ReplyDelete
  2. ကျွန်တော်softwareကိုနားမလည်းဘူး

    ReplyDelete
  3. ပဟေဋ္ဌိအသစ်လေးတွေကို ဖြစ်နိုင်ရင် update လုပ်ပေးဖို့ အကြံပြုပါတယ်။

    ReplyDelete
  4. squander ကဘာလဲ ရွာလို့မရ
    ဘူး

    ReplyDelete
  5. Hein htet paing soe

    ReplyDelete