Monday, March 10, 2014

ံHow to install Zawgyi font on Android phones

စက်ရုပ်ဖုံးတွေမှာ ဇော်ဂျီဖောင့် ဘယ်လို ရအောင် လုပ်မလဲ။

ဖုန်းတွေ ကို အမျိုးအစား ၃ မျိုး ခွဲလို့ ရပါတယ်။

၁။ တချို့ Samsung ဖုန်းတွေမှာ မြန်မာစာ ပါလာပြီးသားပါ။ ထိုဖုန်းတွေ အတွက်တော့ ဘာမှ လုပ်စရာမလိုပါဘူး။

၂။ တချို့ Samsung ဖုန်းတွေမှာတော့ မြန်မာစာ ပါမလာပေမဲ့ root လုပ်စရာမလိုပဲ သွင်းလို့ ရပါတယ်။ အောက်ပါ ဆိုက်ဒ်တွေမှာ ကြည့်လို့ ရပါတယ်။
၃။ အများစုသော ဖုန်းတွေကတော့ မြန်မာစာကို လွယ်လွယ်နဲ့ သွင်းလို့ မရပါဘူး။ ထိုဖုန်း ပိုင်ရှင်များအတွက်တော့ နည်းလမ်း ၂ ခု ရှိပါတယ်။ ပထမ နည်းလမ်းကတော့ မြန်မာစာထဲ့ထားတဲ့ apps တွေကို သုံးဖို့ပါ။ ဒီမှာ ကြည့်ပါ။ ဒုတိယ နည်းကတော့ root လုပ်ပြီး font ကို သွင်းဖို့ပါပဲ။ ဖုန်း တစ်ခုနဲ့ တစ်ခု root လုပ်နည်း ကွာကြပါတယ်။ ကိုယ့်မှာ ရှိတဲ့ ဖုန်း model နဲ့ Google မှာ ရှာ ကြည့်ကြပါ။ အောက် ပါဆိုက်ဒ်တွေမှာ ကြည့်လို့လဲ ရပါတယ်။ မလုပ်တတ်ဘူး နားမလည်ဘူး ဆိုရင် သိတဲ့ သူကို မေးကြပါ။ ရမ်းပြီး စမ်း မိရင် ဖုန်း က ပျက်သွားတတ်ပါတယ်။ သတိ အထူးထားကြပါ။


Saturday, March 8, 2014

How to switch between Myanmar and English keyboards အင်္ဂလိပ်နဲ့ မြန်မာ ဘယ်လို ပြောင်းမလဲ

Myanmar Keyboard app ပုံလေးကို နှိပ်လိုက်ရင် အောက်ပါအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။

 Input Languages ဆိုတဲ့ ခလုပ်ကို နှိပ်လိုက်ပါ။
 ရွေးစရာ သုံးခု ပေါ်လာပါလိမ့်မယ်။ အပေါ်နှစ်ခု ကို ရွေးပါ။ အောက်ပါအတိုင်း အမှန်လေးတွေခြစ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

ဒါဆိုရင် ပြန်ထွက်ပြီး စာရေးမဲ့ app ဆီ ပြန်သွားပါ။
အဲဒီမှာ အောက်ဆုံး အလယ်က Spacebar ခလုပ်ကို ဘက်နဲ့ဖိပြီး ဗယ်ညာ ဆွဲလိုက်ပါ။ အင်္ဂလိပ်နဲ့ မြန်မာ နှစ်မျိုး ရွေးလို့ ရမှာပါ။


Friday, March 7, 2014

ဖုန်းထဲမှာ ဇော်ဂျီ ဖောင့် မရှိသူများအတွက် apps များ

ဇော်ဂျီ ဖောင့် ရဖို့ အတွက် ဖုန်း အများစုကို root လုပ်ဖို့ လိုပါတယ် အထူးသဖြင့် ဖုန်း မော်ဒယ် အဟာင်းတွေပါ။ Samsung ဖုန်း တော်တော်များများ မှာတော့ ဇော်ဂျီ ဖောင့် ပါလာတတ်သလို မပါလာလျှင်လဲ ထဲ့ရတာ လွယ်ပါတယ်။  ဇော်ဂျီ ဖောင့် ထဲ့မရသူများ root မလုပ်လိုသူများအတွက်ကတော့ အောက်ပါ app တစ်ချို့ကို သုံးပြီး မြန်မာလို ဖတ်လို့ ရေးလို့ ရမှာပါ။
  • အီးမေးလ် ပို့ဖို့ အတွက် Email 4 MM 
  • ဖေ့စ်ဘွတ် ဖတ်လိုသူများအတွက် 4 Myanmar နဲ့ Frd 4 MM
  • ချက်တင် လုပ်လိုသူများအတွက် Chat 4 MM
  • ဝက်ဆိုက်ဒ် တွေ ကြည့်လိုသူများအတွက် 4 Myanmar Browser
  • မြန်မာ ဂဏာန်းတွေနဲ့ ဆူဒိုးကု ကစားလိုသူများအတွက် Myanmar Sudoku
အဲဒီ့ app တွေကို တွင်းရုံဖြင့် အခြား apps တွေမှာ မြန်မာလို့ ဖတ်လို့ ရမှာ မဟုတ်ပါဘူး။ ထို့အပြင် အဲဒီ့ app တွေမှာ ရေးဖို့ မြန်မာ ကီးဘုတ် ကို ထပ်သွင်းရပါမယ်။  ဖုန်းထဲမှာ မြန်မာလို ဖတ်လို့ ရနေတယ် ဆိုရင်တော့ အထက်ဖော်ပြပါ apps တွေကို သုံးဖို့ မလိုပါဘူး။

Thursday, March 6, 2014

Download Myanmar Keyboard

တိုက်ရိုက် ဒေါင်း ပြီး သွင်းလိုသူများ အတွက် APK ဖိုင်ကို လဲ တင်ပေးထားပါတယ်။

ဇော်ဂျီ ဖတ်လို့ ရတဲ့ ဖုန်းတွေ အတွက် က myanmarkeyboard_for_rootedPhones.apk
(root လုပ်ထားတဲ့ ဖုန်းတွေ၊ ဇော်ဂျီဖောင့် ဖတ်လို့ ရတဲ့ Samsung ဖုန်းတွေ ဒီဗားရှင်းကို ယူပါ။)



ဇော်ဂျီ ဖတ်လို့ မရတဲ့ ဖုန်းတွေ အတွက် myanmarkeyboard.apk ကို သွင်းပါ။

Zawgyi font ကို ဘယ်လို သွင်းရမလဲ။ Root ဘယ်လို လုပ်ရမလဲ ဆိုတာတွေကို တော့ ဖုန်း အမျိုးအစား လိုက်ပြီး ကွဲပြားတာကြောင့် Google မှာ ရှာကြည့်ကြပါ။ ဖုန်းဆိုင်တွေ အသိတွေကို မေးကြည့်ကြပါ။ ကျနော် မသိတာတွေ အများကြီးပါ။ ဒီမှာတော့ ကျနော် ရှာတွေ့ထားသလောက် ပါ။ သေသေချာချာ ဖတ်ကြည့်ပြီး ကိုယ့်ဖုန်းနဲ့ ကိုက်မဲ့နည်း ကို ရွေးပါ။ ကျနော် သေသေချာချာ မစမ်းဘူးပါ။


အက္ခရာအရွယ်အစား ပြောင်းလို့ ရပြီ


ကီးဘုတ် သုံးတဲ့ သူတစ်ချို့ရဲ့ တောင်းဆိုမှုကို တုန့်ပြန်သောအားဖြင့် ခလုပ်တွေပေါ်ရှိ အက္ခရာ အရွယ်အစာ  ကို ပြောင်းလို့ ရတဲ့ Settings ထဲ့ပေးထာလိုက်ပြီ။ Version v0.07 မှာ တွေ့ရမှာပါ။ အောက်ပါ screenshot နှစ်ခုမှာ တွေ့မြင်ရတဲ့ အတိုင်း ဖြစ်ပါတယ်။